နေ့စွဲ၊ ၁၃၊ ၈၊ ၂၀၁၁
သက္ကရာဇ် ၂၀၁၁-နေ့တွက်ကျရောက်သော သြဂုတ်လ ၁၃ ရက်နေ့သည် ရခိုင်ပြည်စစ်တွေမြို့တွင် အငတ်ပြဿနာကြောင့် ဆန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသော အပြစ်မရှိရခိုင်ပြည်သူပြည်သားများ ရာချီပြီး သတ်ဖြတ်ခံခဲ့ကြရသည့် မေ့မရနိုင်သော (၄၄) နှစ်ပြည့်သည့် နေ့တနေ့ပင်ဖြစ်ပေသည်။
၁၉၆၇-ခုနှစ် စစ်အာဏာရှင် ဗိုလ်နေဝင်းဦးစီးပြီး တော်လှန်ရေးကောင်စီနာမည်ဖြင့် နိုင်ငံတော်အာဏာကို မတရားသောနည်းလမ်းဖြင့် ရယူကာ ဥပဒေမဲ့အုပ်ချုပ်လျှက် မင်းမူးနေသော အချိန်ဖြစ်သည်။
ပြန်သူတို့ဘဝလုံခြုံရေးနှင့် စီးပွားဥစ္စာစည်းစိမ်၏ သာယာဝဖြိုးရေးအတွက် မလုပ်ဆောင်တတ်သည့်အပြင် ပြည်သူ့ဘဝအကျပ်အတည်းအခက်အခဲများကိုလည်း ဖြေရှင်းမပေးတတ်သော အာဏာရှင်ဖြစ်ပေသည်။ ၁၉၆၇-ခုနှစ်တွင် မြန်မာနိုင်ငံအဝှန်း ဆန်ရေစပါးရှားပါးမှု ကြုံတွေ့လာသောအခါ အာဏာရှင်ဗိုလ်နေဝင်းသည် ပြည်သူလူထု ဘဝစားဝတ်နေရေးကို ဖြေရှင်းပေးမဲ့အစား သိုလှောင်းထားသော ဆန်ဂိုဒေါင်များမှ ဆန်များကို အိမ်နီးချင်းနိုင်ငံဖြစ်သော သီရီလင်္ကလာနိုင်ငံအပါအဝင် တခြားသောနိုင်ငံများသို့ တင်ပို့ရောင်းချရန် ပြင်ဆင်နေပေသည်။
ဤဆန်ရေစပါးရှားပါးမှု၏ အငတ်ပြဿနာဒါဏ်ကြောင့် မြန်မာနိုင်ငံအဝှန်း ပြည်သူလူထုတရပ်လုံးမခံမရပ်နိုင်ဖြစ်ပြီး စစ်အာဏာရှင်အား ဆန္ဒပြတောင်းဆိုတိုက်ပွဲဝင်ခွဲကြရာတွင် မြန်မာနိုင်ငံအဝှန်း ပြည်သူလူထုတရပ်လုံးမခံမရပ်နိုင်ဖြစ်ပြီး စစ်အာဏာရှင်အား ဆန္ဒပြတောင်းဆိုတိုက်ပွဲဝင်ခဲ့ကြရာတွင် ရခိုင်ပြည်စစ်တွေမြို့၏ လူထုဆန္ဒပြတောင်းဆိုတိုက်ပွဲဝင်ခဲ့ခြင်းသည် အပြင်းထန်ဆုံးဖြစ်ပြီး အပြစ်မရှိ ပြည်သူသားများကို စစ်အာဏာရှင် စစ်တပ်က ရာချီ၍သတ်ဖြတ်ခဲ့သည်။
ရခိုင်ပြည်သမိုင်းကို လေ့လာကြည့်လျှင် အစာရေစာငတ်ပြတ်သော ဖြစ်ရပ်များမရှိခဲ့ဖူးချေ၊ ရခိုင်ပြည်သူများသည် ထမင်းငတ်ပြတ်ခြင်းကို အလွန်ရှက်ကြောက်ခဲ့ကြ၏၊ တခြားသော လူခပ်သိမ်းသောလည်း ထမင်းအငတ်ဘေးဒဏ်မှ ကင်းလွတ်ကြစေရန် ဆန္ဒရှိပေသည်။
ထိုကြောင့် စစ်အာဏာရှင်ထံမှ ဆန်ထုတ်ပေးပါရန် ဆန္ဒပြတောင်းဆိုလာခြင်းဖြစ်ပေသည်၊ လူထုကြီး၏ကြွေးကြော်သံမှ ပြုတ်ဆန်မစား ရခိုင်သား၊ ဆန်ကွဲမစား ရခိုင်သား ဟုပင်တည်း၊ ပြည်သူလုထု၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီအတွက် ပူးပေါင်းမဆောင်ရွက်တတ်သော စစ်အာဏာရှင်သည် ၎င်းတို့ကြွေးကြော်သံအတိုင်း ဓါးကိုဓါးချင်း လှံကိုလှံချင်း လက်နက်ကိုလက်နက်ဖြင့် ဖြေရှင်းလာခဲ့ပေသည်။ အပ်တိုတချောင်းမျှမပါသော ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသည့် ပြည်သူလူထုကို အာဏာရှင်၏ ခေတ်အဆက်အဆက် လက်နက်ဖြင့်ဖြေရှင်းနေခြင်းမှာ အလွန်ပင်သတ္တိကြောင်ရာ ကျပေသည်။
ယနေ့ထိ စစ်အာဏာရှင်သည် ဒီမိုကရေစီကြိုးဝိုင်းထဲ့သို့ မဝင်ရဲဘဲဖြစ်နေပေသည်။
၉၆၇-ခု ရခိုင်ပြည်အခြေအနေ၏ လူနေမှုအဆောက်အအုံကို သုံးသပ်ကြည့်ပါက ပြောင်းလဲတိုးတက်မှုမရှိသည် တွေ့နေရပေသည်။ ရခိုင်ပြည်သူလူထုသည် သဘာဝအရင်းအမြစ်ကို အခြေခံ၍ ရှာဖွေလုပ်ကိုင်ကာ ထမင်းကို မကြောင်းကြမစိုးရိမ်ဘဲ စားသောနေထိုင်နိုင်ခဲ့သည်ကို တွေ့ကြရမည်ဖြစမ်ပေသည်။
အာဏာရှင်ဗိုလ်နေဝင်းသည် တော်လှန်ရေးကောင်စီမှာတဆင့် Burmese way to Socialism ဟုခေါ်သော မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ဖြင့် လူထုကောင်းစားရေနှင့် ပြယုဂ်လုပ်ပြီး တပါတီအာဏာရှင်နစ်အမြစ်တွယ်အောင် ၂၆-နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့ပေသည်။ ၈၀ ရာခိုင်နှုန်းလယ်ယာမြေအပေါ် အခြေခံသော ရခိုင်လယ်သမားများသည် ကိုယ့်မြေကိုကိုယ်လုပ်၍ ထမင်းငတ်ခဲ့ရသော ဘဝသို့ ကျရောက်ခဲ့ရပြီး နောက်ဆုံး ပဒေသရာဇ်၏ မြေကျွန်ဘဝသို့ရောက်ရှိသွားခဲ့ပေသည်။ ၁၉၈၈-ခု လူထုအရေးတော်ပုံနှင့် မဆလာတပါတီအာဏာရှင်စနစ်ကို ပြောင်းလဲပစ်နိုင်ခဲ့သော်လည်း အာဏာရှင် မျိုးဆက်သစ်ကိုကား အမြစ်ပြုတ်မရှင်းလင်းနိုင်ခဲ့ပေ။ စစ်အာဏာရှင်မျိုးဆက်သစ်၏ အုပ်ချုပ်သူအောက်အနှစ် ၂၃-ကျော်ကာလ ရခိုင်ပြည်လူနေမှုအဆောက်အအုံးမှာ ယခင်အတိုင်းပြယုဂ်သာဖြစ်ပြီး စစ်အာဏာရှင်၏ ချုပ်ကိုင်သောတဝတ်တပျက်စီးပွားရေးစနစ်အောက်တွင် ၎င်းတို့၏ လက်ပါးစေလူနည်းစုလာ အခွင့်အရေး ရရှိပြီး ကျန်ပြည်သူများတို့မှာ အစာရေစာငတ်ပြတ်၍ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဝမ်းစားရေးအတွက် ပြည်ပနိုင်ငံများသို့ ထွက်ပြေးနေကြသည်ကို တွေ့ရှိရပေမည်။
၁၉၆၂-ခု အာဏာရှင် ဗိုလ်နေဝင်းမှသည် ယခုရုပ်သီးအစိုးရ မျိုးဆက်သစ်အာဏာရှင် ဦးသိန်းစိန်ထိ ရခိုင်ပြည်မှထွက်ရှိသော မြေပေါ်မြေအောက် သယံဇာတအရင်းအမြစ်များကို ပြည်ပနိုင်ငံများကို ပြည်ပနိုင်ငံများသို့ ရခိုင်ပြည်သူဆန္ဒမပါဘဲ ထုခွဲရောင်းစားနေကြသည်ကို တွေ့ကြရမည်ဖြစ်သည်။
ရခိုင်ပြည်သူလူထုဘဝမှာ ဖွတ်ကျိုးပြာစု၊ ခရုဆံကျွတ်ဖြစ်ကာ ဆင်းရဲသည်ထက်ဆင်းရဲခြင်းဖြစ်နေသည် ကို တွေ့ကြရမည်ဖြစ်ပေသည်။
အာဏာရှင်သည် ပြည်သူ့ဘဝကောင်းစားချမ်းသာ စည်ပင်ဝဖြိုး၍ ပြည်သူတို့၏ ဘဝကို ယုံကြည်စိတ်ချစေသော အာမခံချက်ပေးနိုင်သည့် နိုင်ငံရေးဒဿနအဆောက်အအုံကို တည်ဆောက်ပေးနိုင်စွမ်း မရှိခဲ့ပေ။
တိုင်းရင်းသားပြည်သူများကို ရန်သူသဖွယ်ပြုမှုဆက်ဆံပြီး ဓါးကိုဓါးချင်း လှံကိုလှံချင်း လက်နက်ကို လက်နက်ဖြင့် စိန်ခေါ်ပြီး ရန်ပြုအုပ်ချုပ်ရှိနေဆဲပင်ဖြစ်သော ကြောင့် တိုင်းရင်းသားညီအကိုများအနေ့ဖြင့် စစ်အာဏာရှင် မပြုတ်မချင်း ဆက်လက်တိုက်ပွဲဝင်သွားကြပါရန် ၄၄-နှစ်မြောက်စစ်တွေဆန်ပြဿနာနေ့တွင် တိုက်တွန်းကြေညာအပ်ပါသည်။
ဖြစ်မြောက်ရေးကော်မတီ
နယူးဒေလီ.. အိန္ဒိယ
No comments:
Post a Comment